လေးကင်းတဲ့လမ်းခရီးဖြစ်ဖို့ဆိုတာ ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်တဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ လမ်းတွေကို စည်းကမ်းမဲ့အသုံးပြုရင် ထိခိုက်ဒဏ်ရာရတတ်သလို ပိုဆိုးတဲ့ သေဆုံးခြင်းတွေလဲ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ဂျာမဏီအခြေဆိုက် ကုပ္မဏီတစ်ခုဖြစ်တဲ့ FINN မှာ တာဝန်ရှိသူက ကားမောင်းနေစဉ်မှာ အသုံးချနိုင်မယ့် Safety Tips ၃ခုကို မျှဝေခဲ့ပါတယ်။ ဒီအချက်တွေဟာ သင့်ကိုသာမက သင်ချစ်ရတဲ့ ကလေးငယ်တွေကိုပါ ဘေးကင်းလုံခြုံစေမှာဖြစ်ပါတယ်။
ပထမဆုံး Safety Tip ကတော့ Child Lock နဲ့ အခြား Safety Feature တွေကို ဖွင့်ထားခြင်းဖြစ်ပါတယ်။ ဒီလိုဖွင့်ထားခြင်းအားဖြင့် သင့်ရဲ့ကလေးတွေဟာ ကားမောင်းနှင်စဉ် အန္တရာယ်အရမ်းများတဲ့ အပြုအမူဖြစ်တဲ့ ကားတံခါးကို မိမိဘာသာ ဖွင့်တာမျိုး မလုပ်နိုင်တော့ပါဘူး။ ကားတွေအားလုံးမှာ Child Lock တပ်ဆင်ဖို့လိုအပ်ပြီး အကယ်၍ သင့်ကားမှာ မလုပ်ရသေးပါက လုပ်ဖို့ အကြံပေးချင်ပါတယ်။
ခုထပ်ပြီး လူတော်တော်များများ အပြစ်ရှိသလို ခံစားစေတဲ့ ဒုတိယ တစ်ချက်ကို သွားလိုက်ရအောင်။ မညီညာတဲ့လမ်းတွေမှာ မောင်းနှင်တဲ့အခါ သင့်ကလေးကို အစာနင်စေနိုင်ပြီး သင်ကလဲ ကားမောင်းတာကို အာရုံစိုက်နေတဲ့အတွက် သတိထားမိမှာမဟုတ်ပါဘူး။ ဒါကြောင့် FINN အနေနဲ့ သင့်ကလေးတွေကို ကားပေါ်မှာ အစာစားတာကို အထူးသဖြင့် ကားမောင်းနေစဉ် အစာစားတာကို တားမြစ်ဖို့ အကြံပေးထားပါတယ်။
နောက်ထပ် အသုံးအဝင်ဆုံး တတိယအချက်ကတော့ ကားမှာ Booster Seat ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ Safety Benefit အပြင် Booster Seat တွေဟာ ဖိလစ်ပိုင်မှာဆို အသက် (၁၂) အောက်ကလေးတွေအတွက် မတပ်မနေရ ဆိုတဲ့ ဉပဒေလဲ ရှိပါသေးတယ်။
ဒီအချက်တွေအပြင် ထပ်တိုးအနေဖြင့် Advanced Driver Assistance System (ADAS) ပါဝင်တဲ့ ကားတွေကို ဝယ်ယူဖို့ အကြံပေးပါတယ်။ ဒီစနစ်ဟာ ဆင်ဆာနဲ့ ကင်မရာတွေကို အသုံးပြုပြီး ယာဉ်မောင်းကို မတော်တဆမှုတွေမဖြစ်အောင် ကူညီပေးတဲ့ နည်းစနစ်တစ်မျိုးပဲဖြစ်ပါတယ်။Honda မှာဆို Honda Sensing၊ Nissan မှာဆို Intelligent Mobility စသဖြင့် ကား Brand တော်တော်များများမှာ ပါဝင်နေပြီဖြစ်ပါတယ်။ ဒီ အကြံပေးထားတဲ့ Features တွေမှာဆို အဓိကလိုအပ်တာက Collision Warning, Pedestrian Detection, Brake Assist နဲ့ Blind-Spot Feature တွေပဲဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ Tips and Recommendations တွေနဲ့ဆိုရင် သင့်ရဲ့ကလေးတွေကို ကားပေါ်တင်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ဘေးကင်းစွာ အပြင်သွားလာနိုင်ပြီဖြစ်ပါတယ်။
Image by jcomp