Headlines

ညဖက်ကားမောင်းတဲ့အခါ အသုံးဝင်မယ့်နည်းလမ်းများ

ကန့်သန့်ချက်တွေရှိတဲ့မြင်ကွင်းနဲ့ အလင်းရောင်တွေကြောင့် ညဖက်ကားမောင်းခြင်းဟာ ခက်ခဲပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် မတော်တဆထိခိုက်တာတွေမဖြစ်ရအောင်လို့ ယာဉ်မောင်းအနေဖြင့် ပိုသတိထားပြီး အာရုံပိုစိုက်သင့်ပါတယ်။ ဒါကြောင့် ညဖက်ကားမောင်းတဲ့အခါ ဘေးကင်းပြီး လွယ်ကူစေမယ့် နည်းလမ်းများကို မျှဝေလိုက်ပါတယ်။

ရှေ့မီး (Headlamps)

သင့်ကားရဲ့ ရှေ့မီးတွေဟာ အဓိကအသုံးပြုရမယ့်အရာဖြစ်ပြီး လမ်းခရီးကိုမြင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကားမမောင်းခင်မှာ သင့်ရဲ့ ရှေ့မီးတွေဟာ ပုံမှန်အလုပ် လုပ်မလုပ်နှင့် သန့်ရှင်းနေလားကို သေချာစစ်ဆေးသင့်ပါတယ်။ တစ်ခုသတိထားရမှာ သင့်ကားရဲ့ ရှေ့မီးတွေသာ ညစ်ပက်နေမယ်ဆိုရင် အလင်းထုတ်လုပ်မှုကို ကာထားသလိုဖြစ်နေပြီး ထိရောက်မှုအားနည်းနေတတ်ပါတယ်။

နောက်ထပ် သင့်ရဲ့ အချက်ပြမီးနဲ့ အနောက်မီးတွေဟာ သန့်ရှင်းတောက်ပနေဖို့လိုအပ်ပါတယ်။ ဒီအလင်းစနစ်နှစ်ခုလုံးဟာ သင့်ကိုလမ်းပေါ်မှာမြင်စေနိုင်မှာဖြစ်ပြီး အခြားလမ်းအသုံးပြုသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ကန့်သန့်အရှိန်ဖြင့်မောင်းနှင်ပါ

သင့်ရဲ့ ရှေ့မီးတွေဟာ နေရာတစ်ခုအထိသာ မြင်နိုင်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက် ကန့်သန့်ထားတဲ့ အရှိနဲ့မောင်းနှင်ခြင်းဟာ လမ်းမညီတာတွေ လမ်းကြမ်းတွေကို တွေ့တဲ့အခါ အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ အချိန်ပေးနိုင်မှာဖြစ်ပါတယ်။ ယေဘုယစည်းမျဉ်းအနေနှင့်ဆိုရင် သင်မကျွမ်းကျင်တဲ့လမ်းတွေမှာ မောင်းနှင်တဲ့အခါ အရှိန်လျော့ပြီး သတိနှင့်မောင်းနှင်ခြင်းဟာ ပိုကောင်းပါတယ်။

လေကာမှန်ကို သန့်ရှင်းရေးလုပ်ပါ

သင့်ကားရဲ့ အရှေ့လေကာမှန်၊ အနောက်လေကာမှန်နှင့် ဘက်ကြည့်မှန်တွေကို အညစ်အကြေးနှင့် ရွှံ့တွေမရှိအောင် ထားပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ၊ ညဖက်မှာ မြင်ကွင်းဟာ အကန့်အသန့်ရှိတာကြောင့် ညစ်ပတ်နေတဲ့ မှန်တွေဟာ ပိုဆိုးစေဖို့ပဲရှိပါတယ်။ အညစ်အကြေးကပ်နေတဲ့မှန်တွေဟာ သင်လမ်းကိုမြင်နိုင်ဖို့ ကာနေသလိုဖြစ်နေမှာဖြစ်ပြီး အလင်းရောင်ကိုလဲ လျော့နည်းစေမှာပါ။

အကယ်၍ သင့်ဘာသာသင်သန့်ရှင်းဖို့ အစီအစဉ်ရှိပါက Microfiber အဝတ်စကို အသုံးပြုပါ။ ကားသန့်ရှင်းရေးလုပ်ဖို့ အချိန်မရှိပါက အနည်းဆုံး သင့်ကားရဲ့ ရေနှင့် Wiper ကိုအသုံးပြုပြီး ရှေ့လေကာမှန်ကို သန့်ရှင်းရေးလုပ်ပေးပါ။ မှတ်ထားစရာတစ်ခုကတော့ ဓာတ်ဆီဆိုင်တွေမှာ ဆီဖြည့်တဲ့အခါ Free Cleaning ဝန်ဆောင်မှုလဲ ပေးတတ်ကြပါတယ်။

သတိရှိပါ

ကားမောင်းနှင်တဲ့အခါ အထူးသဖြင့်ညဖက်မောင်းနှင်တဲ့အခါ သတိရှိပြီး လမ်းကို အာရုံစိုက်နေဖို့က အရေးကြီးပါတယ်။ အချက်အလက်အရ ညဖက်မောင်းနှင်တဲ့အခါ အန္တရာယ်အများဆုံးကတော့ အိပ်ငိုက်တာပါတယ်။ ဒါကို ကျင့်သားမရသေးပါက သင့်ကိုယ်သင် နိုးကြားနေစေဖို့ ရှိသမျှ ကားကုန်ထုတ်ပြီး နေဖို့ လိုအပ်ပါတယ်။

နောက်ပြီး ဘက်ကြည့်မှန်တွေကို ပုံမှန်ကြည့်ပေးပြီး လမ်းမှာဘာတွေဆက်ရှိနိုင်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းပါ။ ဒီနည်းဖြင့် သင့်ရဲ့စိတ်ကို နိုးကြားစေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် Radio မှာမိမိကြိုက်နှစ်သက်တဲ့ သီချင်းကိုရှာဖွင့်ပြီး လိုက်ဆိုပါ။ ကျွန်တော်တို့ကိုယုံပါ။ ဒါတစ်ကယ်အလုပ်ဖြစ်ပါတယ်။

သင့်ကားရဲ့ Interior Lights တွေကို မှိန်မှိန်လေးပဲထားပါ

ဒီနေ့ခေတ် ကားတော်တော်များများမှာ ရှေ့မီးကိုဖွင့်လိုက်တဲ့အခါ Gauge Cluster နဲ့ Infotainment System တို့ရဲ့ အလင်းချိန်ကို အလိုအလျောက်ချိန်ညှိပေးတဲ့စနစ်တွေပါဝင်လာပါတယ်။ သို့ပေမယ့် တချို့ကားတွေက တစ်ဆင့်ပိုမြင့်ပြီး နေ့ပိုင်းနဲ့ညပိုင်းတွေမှာ သင့်ရဲ့ Gauge Cluster ကို မိမိစိတ်ကြိုက် Customize လုပ်နိုင်တဲ့ Feature တွေထည့်ထားပေးပါတယ်။ ဒီ Brightness Adjuster ကို သင့်ကားရဲ့ Gauge Cluster Menu မှာတွေ့နိုင်သိလို ခလုပ်သပ်သပ်နဲ့လဲ ရှိနိုင်ပါတယ်။ နောက်ဆက်တွဲအနေနှင့် အချို့ကားတွေမှာတော့ Infotainment System ရဲ့ အလင်းကိုလျော့ချဖို့အတွက် Extra Steps တွေ လုပ်ဆောင်ရတာမျိုးလဲ ရှိနိုင်ပါတယ်။

ညအချိန်တွင် သင့်ပတ်ဝန်းကျင်မှာ အထူးသဖြင့် Infotainment Screen (သို့) Gauge Cluster မှာ အလင်းမှိန်တာ အလင်းတောက်တာတွေဟာ Light Pollution ကိုဖြစ်ပေါ်စေနိုင်ပြီး သင့်အမြင်အာရုံကို ထိခိုက်စေနိုင်ပါပြီး အလင်းမှိန်တဲ့ နေရာတွေကို ကြည့်ရှုနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ကားအတွင်းမှာရှိတဲ့ Light Pollution ကိုလျှော့ချဖို့ဆိုရင် ကားရဲ့ Inteior Lights တွေရဲ့ Brightness တွေကို လျှော့ချထားဖို့ စဉ်းစားသင့်ပါတယ်။ ဒါမှ သင်ဟာ အလင်းပြန်မှုမရှိဘဲ အာရုံစူးစိုက်မှုပိုကောင်းစေမှာပါ။ 

အလင်းအားနည်းတဲ့လမ်းတွေကိုရှောင်ပါ

သင့်ရဲ့ရှေ့မီးကိုဖွင့်ထားသည့်တိုင် အချို့ အလင်းမှိန်တဲ့ သို့မဟုတ် အလင်းလုံးဝမရှိတဲ့လမ်းတွေဟာ သင့်ကားမောင်းခြင်းကို အန္တရာယ်ရှိစေနိုင်ပါတယ်။ တိရိစ္ဆာန်အကောင်သေးသေးလေးတွေ၊ တခါတရံ အကောင်ကြီးတွေ၊ လမ်းသွားလမ်းလာတွေ၊ Speed Bumps (မြန်မာအခေါ် Slow Down) တွေအပြင် ချိုင့်ဝှမ်းများလဲ အမှောင်ထဲကနေ ရုတ်တရက်ထွက်ပေါ်လာနိုင်ပါတယ်။ တတ်နိုင်သမျှ မီးကြီးနှင့်မောင်းပါ ဒါပေမယ့် မျက်နှာချင်းဆိုင်မှာကားလာတာကို မြင်ရရင် မီးသေးပြန်ပြောင်းပါ။ အကယ်၍ သင့်မှာ လမ်းရွေးချယ်စရာရှိမယ်ဆိုရင်တော့ မီးအလင်းရောင်ရတဲ့လမ်းတွေကိုသာ ရွေးချယ်သင့်ပါတယ်။ 

အရက်မူးပြီး ကားမောင်းတတ်သူများကို သတိထားပါ

အရက်မူးတဲ့ယာဉ်မောင်းတွေဟာ စိတ်ညစ်စရာကောင်းသလို ညဖက်မှာတွေ့နိုင်ခြေလဲ များပါတယ်။ သူတို့ဟာ အခြားလမ်းပေါ်ကကားတွေကို ဂရုမစိုက်တတ်ပဲ ကားကို အရှိန်ပြင်းပြင်းနှင့် ပေါ့ပေါ့ဆဆ မောင်းတတ်ကြပါတယ်။ အကယ်၍ သင်ဟာ ထိုယာဉ်မောင်းမျိုးနှင့် ကြုံတွေ့ရပြီဆိုရင် လမ်းဖယ်ပေးပြီး သူတို့ကို ပေးသွားလိုက်ပါ။

ညဖက် ကားမောင်းနှင်ခြင်းဟာ ရှောင်လွဲလို့မရတဲ့ ကိစ္စဖြစ်ပေမယ့် နည်းလမ်းမှန်ကန်စွာ မောင်းနှင်ပါက အထက်ပါ အန္တရာယ်များကို ကျော်ြဖတ်နိုင်ပြီး တိတ်ဆိတ်တဲ့ ညချမ်းကို ခံစားရင်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *