လျှပ်စစ်ကားများ မီးလောက်မှုဖြစ်ပွားပြီဆိုပါက အဆိုပါကားများမှာ တပ်ဆင်အသုံးပြုထားတဲ့ battery များမှာ ပါဝင်တဲ့ ဓါတုပစ္စည်းများကြောင့် မီးငြိမ်းသတ်တဲ့ အခါမှာ သာမန် ICE ကားများလို မရိုးရှင်းလှပါဘူး။ ဒါကြောင့်မို့ နိုင်ငံတကာမှာ လျှပ်စစ်ကားများကို အသုံးပြုမှု စတင် တွင်ကျယ်လာသည်နှင့် အမျှ နောက်ဆက်တွဲ ဖြစ်ရပ်များကို ရင်ဆိုင်ဖြေရှင်းဖို့ကိုလည်း တီထွင်ဖန်တီးလာကြရပြီဖြစ်ပါတယ်။
UK အခြေဆိုက် Hiload ကုမ္ပဏီကတော့ လျှပ်စစ်ကားများ မီးလောင်မှုဖြစ်ပွားလျှင် မီးငြိမ်းသတ်ပေးနိုင်မယ့် မီးသတ်ကားတစ်စီးကို တီထွင်လိုက်ပြီး အဆိုပါကားဟာ Toyota Hilux ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ မီးလောက်နေတဲ့ EV ကားများကို မီးငြိမ်းသတ်ပေးနိုင်မယ့် ယာဥ်တစ်စီးအဖြစ် ဖန်တီးထားတာကြောင့် လိုအပ်သော စက်ကိရိယာများနဲ့ ပစ္စည်းများကိုတင်ဆောင်နိုင်ဖို့အတွက် ကားရဲ့ chassis ကို 6×6 configuration ဖြင့် ပြုပြင်ပြောင်းလဲဖန်တီးထားပါတယ်။ ထိုသို့ပြုပြင်ပြောင်းလဲလိုက်ခြင်းအားဖြင့် 6×6 HILUX ကားကြီးဟာ ၄ပေကျော်ကျော်လောက် ပိုရှည်သွားပြီး ဝန်အလေးချိန် 6600 lbs (3.3 တန်) အထိ တင်ဆောင်နိုင်သွားပါတယ်။
6×6 Hiload Hilux မီးသတ်ကားမှာ မီးလောင်နေသော EV ကားများကို မီးငြိမ်းသတ်နိုင်ဖို့အတွက် Coldcut Cobra™ Cutting extinguisher system တစ်မျိုးဖြစ်တဲ့ Cobra Ultra High Pressure Lance System (UHPL-system) ကို ထည့်သွင်းတပ်တင်ပေးထားပါတယ်။ UHPL-system ဆိုတာဟာ ကြမ်းရှသော ဒြပ်မှုံ ( abrasive element) ကို ရေထဲမှာ ရောနှောနေစေပြီး sandblaster အနေနဲ့ရော extinguisher အနေနဲ့ ပါ တချိန်တည်း တပြိုင်နက်တည်း လုပ်ဆောင်တဲ့ စနစ်ဖြစ်ပါတယ်။ UHPL-system ရဲ့ မီးသတ်သေနတ်ခေါင်းမှ 4,351 psi ဖိအားပြင်းနဲ့ ထွက်ရှိလာတဲ့ Abrasive ဟာ သံ/သတ္ထုသား ကြမ်းပြင်ကို ထိုးဖောက်ပြီး အတူရောနှောထွက်ရှိလာတဲ့ ရေကို EV ကားရဲ့ battery module casing ထဲထိုးသွင်းလိုက်တာဖြစ်ပါတယ်။ ထိုနည်းလမ်းဖြင့် battery module တွေထဲမှာ တည်ရှိနေတဲ့ အပူချိန်ကို လျှော့ချလိုက်ကာ မီးကူးလောင်မှုကို ထိန်းချုပ်တာဖြစ်ပါတယ်။ Swedish Civil Contingencies Agency မှ Coldcut Cobra™ Cutting extinguisher system ကို စမ်းသပ်ထားဖူးပြီး စမ်းသပ်ချက်များအရ battery cells များသို့ မီးကူးလောင်မှုကို အချိန် ၁၀မိနစ်ဝန်းကျင်မှာ ရေ ၆၃ ဂါလံဖြင့် ထိန်းချုပ်နိုင်ပြီး အဆိုပါ ပမာဏဟာ Cobra tank သိုလှောင်နိုင်မှု ပမာဏရဲ့ ၂၀% လောက်ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။
Hiload Hilux 6×6 မီးသတ်ကားဟာ သာမန် Hilux ကားများထက် သိသိသာသာပိုရှည်နေပေမယ့် လက်ရှိ EV ကားများကို မီးငြိမ်းသတ်ဖို့အတွက် ထုတ်လုပ်အသုံးပြုနေတဲ့ မီးသတ်ကားများထက်စာရင် သိသိသာသာ သေးငယ်တာကြောင့် အဆိုပါ မီးသတ်ကားကြီးများထက် လျှင်မြန်စွာ သွားလာနိုင်ပြီး လမ်းကျဥ်များကိုပင် အတိုင်အတာတစ်ခုအထိ သွားရောက်နိုင်မှာဖြစ်လို့ အရေးပေါ်အခြေအနေများကို လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်မယ့် ကားတစ်စင်းဖြစ်တယ်လို့ သိရပါကြောင်း။
Photo: Motortrend