Headlines

ဥရောပဒေသမှာ Kei-segment အရွယ် လျှပ်စစ်ကားများ ထုတ်လုပ်ပြီး အသုံးပြုခွင့်ရရန် ACEA အဆိုပြု

ဥရောပ ကားထုတ်လုပ်သူများ အသင်း ACEA က မြို့ပြယာဥ်ကြောကြပ်တည်းမှုကို လျှော့ချရန် နှင့် အသေးစား လျှပ်စစ်ကားငယ်များအသုံးပြုမှုကို မြှင့်တင်ရန် အကြောင်းပြချက်ဖြင့် ဂျပန်နိုင်ငံမှာကဲ့သို့ပင် Kei-segment အရွယ်ကားငယ်များ အသုံးပြုနိုင်ခွင့် အတွက် အထူးဥပဒေပြဌာန်းပေးရန် ဥရောပသမဂ္ဂ ကို အဆိုပြုတိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။ ACEA ရဲ့ အဆိုပြုချက်မှာ ကားအမျိုးအစားအသစ်(လျှပ်စစ်ကားငယ်)ကိုသတ်မှတ်ရန်၊ အဆိုပါကားများကို ဝယ်ယူအသုံးပြုသူများအတွက် အခွန်သက်သာခွင့်များ၊ အမြန်လမ်းတိုးလ်ဂိတ်ကြေးသက်သာခွင့်များ၊ မြို့လယ်ခေါင်အထိဝင်ရောက်မောင်းနှင်ခွင့် နဲ့ ဦးစားပေးကားရပ်နားနေရာများ အသုံးပြုခွင့်ကဲ့သို့သော ခံစားခွင့်များပါဝင်ပြီး ဥရောပကားထုတ်လုပ်သူများကလည်း ကားထုတ်လုပ်စရိတ်လျှော့ချနိုင်ခြင်း အသုံးပြုသူများအတွက်လည်း စရိတ်စက လျှော့ချနိုင်ခြင်းနဲ့ ကားငယ်များပိုမိုအသုံးပြုလာစေနိုင်ခြင်းတို့ကြောင့် Kei car များဟာ အကောင်းဆုံးဖြေရှင်းချက်ဖြစ်ကြောင်းကို သဘောတူပေးခဲ့ကြတယ်လို့ သိရပါကြောင်း။

Leave a Reply

Your email address will not be published. Required fields are marked *