Headlines

Myanmar Motorgraph

ဥရောပဒေသမှာ Kei-segment အရွယ် လျှပ်စစ်ကားများ ထုတ်လုပ်ပြီး အသုံးပြုခွင့်ရရန် ACEA အဆိုပြု

ဥရောပ ကားထုတ်လုပ်သူများ အသင်း ACEA က မြို့ပြယာဥ်ကြောကြပ်တည်းမှုကို လျှော့ချရန် နှင့် အသေးစား လျှပ်စစ်ကားငယ်များအသုံးပြုမှုကို မြှင့်တင်ရန် အကြောင်းပြချက်ဖြင့် ဂျပန်နိုင်ငံမှာကဲ့သို့ပင် Kei-segment အရွယ်ကားငယ်များ အသုံးပြုနိုင်ခွင့် အတွက် အထူးဥပဒေပြဌာန်းပေးရန် ဥရောပသမဂ္ဂ ကို အဆိုပြုတိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။ ACEA ရဲ့ အဆိုပြုချက်မှာ ကားအမျိုးအစားအသစ်(လျှပ်စစ်ကားငယ်)ကိုသတ်မှတ်ရန်၊ အဆိုပါကားများကို ဝယ်ယူအသုံးပြုသူများအတွက် အခွန်သက်သာခွင့်များ၊ အမြန်လမ်းတိုးလ်ဂိတ်ကြေးသက်သာခွင့်များ၊ မြို့လယ်ခေါင်အထိဝင်ရောက်မောင်းနှင်ခွင့် နဲ့ ဦးစားပေးကားရပ်နားနေရာများ အသုံးပြုခွင့်ကဲ့သို့သော ခံစားခွင့်များပါဝင်ပြီး ဥရောပကားထုတ်လုပ်သူများကလည်း ကားထုတ်လုပ်စရိတ်လျှော့ချနိုင်ခြင်း အသုံးပြုသူများအတွက်လည်း စရိတ်စက လျှော့ချနိုင်ခြင်းနဲ့ ကားငယ်များပိုမိုအသုံးပြုလာစေနိုင်ခြင်းတို့ကြောင့် Kei car များဟာ အကောင်းဆုံးဖြေရှင်းချက်ဖြစ်ကြောင်းကို သဘောတူပေးခဲ့ကြတယ်လို့ သိရပါကြောင်း။

Read More

Nissan မှ Tesla ကဲ့သို့ Giga Casting နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်မှုကုန်ကျစရိတ် 10% လောက်လျှော့ချနိုင်ရန်စီစဥ်

Nissan Motor မှ လျှပ်စစ်ကားများထုတ်လုပ်ရာမှာ Tesla မှ ဖန်တီးထားသော gigacasting နည်းပညာမျိုးကို အသုံးပြုပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ တန် ၆၀၀၀ ဖိအားနဲ့  EV ကားရဲ့ အနောက်ကြမ်းခင်းအပိုင်းကိူ တစ်ဆက်တည်း solid form ပုံစံဖြစ်အောင် ဖိနှိပ်သွန်းလောင်းမှာဖြစ်ကာ အဆိုပါနည်းပညာအားဖြင့် ထုတ်လုပ်မှုအပိုင်းမှာ 10% လောက် လျှော့ချနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဆိုပါနည်းပညာဖြင့် လာမယ့် 2027 လောက်မှာ စတင်ကာ ထုတ်လုပ်မှာဖြစ်ပြီး 2030 ရောက်မှာ Nissan ရဲ့ EV ကားနဲ့ ICE ကား​တို့အကြားက စျေးနှုန်းကွာခြားမှုကို လျှော့ချမယ့် မဟာဗျူဟာတွေထဲက တစ်ခု​ဖြစ်ပြီး ကမ္ဘာ့လျှပ်စစ်ကား စျေးကွက်မှာ Tesla နဲ့ BYD တို့ကို ယှဥ်ပြိုင်နိုင်ဖို့အတွက်ကိုလည်းရည်ရွယ်တယ်လို့…

Read More

တရုတ်ရင်းနှီးမြုပ်နှံမှုများကြောင့် ထိုင်းနိုင်ငံရှိ မူလ ကားထုတ်လုပ်သူများ အကျပ်အတည်းရှိလာရနိုင်ဖွယ် ရှိကြောင်း KKP Research မှ ထောက်ပြ

ထိုင်း ပြည်တွင်းရှိ မော်တော်ယာဥ်လုပ်ငန်းများ အတွက်  ကောင်းမွန် တိုးတက်လာခြင်းထက် ရေရှည်ပြဿနာများ ဖန်တီးလာနိုင်သည့် တရုတ်ကားထုတ်လုပ်သူများ ဝင်ရောက်လာခြင်းကြောင့် စိန်ခေါ်မှုများ ကြုံတွေ့လာရမည့် အကြောင်းကို  KKP Research မှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။  KKP Research ဆိုတာကတော့ ထိုင်းနိုင်ငံရှိ financial firm တစ်ခုဖြစ်တဲ့ Kiatnakin Phatra Financial Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ KKP Research ရဲ့ အစီရင်ခံစာမှာ အဓိက အားဖြင့် တရုတ်ရင်းနှီးမြုပ်နှံမှုများကြောင့် ထိုင်းပြည်တွင်းရှိ မူလ မော်တော်ကားထုတ်လုပ်သူများ အနေနဲ့ အနာဂတ်မှာ ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ သက်ရောက်မှုများ နဲ့ သတိပြုစရာ အချက်များကို ဖော်ပြထားပါတယ်။ အဆိုပါဖော်ပြချက်များထဲမှ အဓိက အချက်များမှာ –     1….

Read More

မီးလောင်မှုဖြစ်ပွားသော EV ကားများကို မီးသတ်ပေးမယ့် 6×6 Toyota Hilux မီးသတ်ကား

လျှပ်စစ်ကားများ မီးလောက်မှုဖြစ်ပွားပြီဆိုပါက အဆိုပါကားများမှာ တပ်ဆင်အသုံးပြုထားတဲ့ battery များမှာ ပါဝင်တဲ့ ဓါတုပစ္စည်းများကြောင့် မီးငြိမ်းသတ်တဲ့ အခါမှာ သာမန် ICE ကားများလို မရိုးရှင်းလှပါဘူး။ ဒါကြောင့်မို့ နိုင်ငံတကာမှာ လျှပ်စစ်ကားများကို အသုံးပြုမှု စတင် တွင်ကျယ်လာသည်နှင့် အမျှ နောက်ဆက်တွဲ ဖြစ်ရပ်များကို ရင်ဆိုင်ဖြေရှင်းဖို့ကိုလည်း တီထွင်ဖန်တီးလာကြရပြီဖြစ်ပါတယ်။ UK အခြေဆိုက် Hiload  ကုမ္ပဏီကတော့ လျှပ်စစ်ကားများ မီးလောင်မှုဖြစ်ပွားလျှင် မီးငြိမ်းသတ်ပေးနိုင်မယ့် မီးသတ်ကားတစ်စီးကို တီထွင်လိုက်ပြီး အဆိုပါကားဟာ Toyota Hilux ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ မီးလောက်နေတဲ့ EV ကားများကို မီးငြိမ်းသတ်ပေးနိုင်မယ့် ယာဥ်တစ်စီးအဖြစ် ဖန်တီးထားတာကြောင့် လိုအပ်သော စက်ကိရိယာများနဲ့ ပစ္စည်းများကိုတင်ဆောင်နိုင်ဖို့အတွက် ကားရဲ့ chassis ကို 6×6 configuration…

Read More

ကလေးတွေနဲ့ ကားမောင်းထွက်တဲ့အခါ

လေးကင်းတဲ့လမ်းခရီးဖြစ်ဖို့ဆိုတာ ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်တဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ လမ်းတွေကို စည်းကမ်းမဲ့အသုံးပြုရင် ထိခိုက်ဒဏ်ရာရတတ်သလို ပိုဆိုးတဲ့ သေဆုံးခြင်းတွေလဲ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ဂျာမဏီအခြေဆိုက် ကုပ္မဏီတစ်ခုဖြစ်တဲ့ FINN မှာ တာဝန်ရှိသူက ကားမောင်းနေစဉ်မှာ အသုံးချနိုင်မယ့် Safety Tips ၃ခုကို မျှဝေခဲ့ပါတယ်။ ဒီအချက်တွေဟာ သင့်ကိုသာမက သင်ချစ်ရတဲ့ ကလေးငယ်တွေကိုပါ ဘေးကင်းလုံခြုံစေမှာဖြစ်ပါတယ်။ ပထမဆုံး Safety Tip ကတော့ Child Lock နဲ့ အခြား Safety Feature တွေကို ဖွင့်ထားခြင်းဖြစ်ပါတယ်။ ဒီလိုဖွင့်ထားခြင်းအားဖြင့် သင့်ရဲ့ကလေးတွေဟာ ကားမောင်းနှင်စဉ် အန္တရာယ်အရမ်းများတဲ့ အပြုအမူဖြစ်တဲ့ ကားတံခါးကို မိမိဘာသာ ဖွင့်တာမျိုး မလုပ်နိုင်တော့ပါဘူး။ ကားတွေအားလုံးမှာ Child Lock တပ်ဆင်ဖို့လိုအပ်ပြီး အကယ်၍ သင့်ကားမှာ…

Read More

လျှပ်စစ်ကားများဖြင့် ခြေကျင်လမ်းသွားလမ်းလာများကို တိုက်မိနိုင်ခြေဟာ လောင်စာဆီသုံးကားများထက် ၂ဆပိုများ

လေ့လာမှုများအရ ခြေကျင်လမ်းသွားလမ်းလာများကို လျှပ်စစ်ကားဖြင့် တိုက်ခံရမိနိုင်ခြေဟာ လောင်စာဆီအင်ဂျင်သုံးကားများထက် ၂ဆ ပိုများတယ်လို့ သိရပါတယ်။ အဆိုပါတွေ့ရှိချက်ကို  2013 မှ 2017 အတွင်း UK မှာ ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှု မှတ်တမ်းများအပေါ်မှာ ဆန်းစစ်ချက်များကို အခြေခံပြီး Epidemiology and Community Health Journal မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။      လေ့လာဆန်းစစ်သူများရဲ့ ဖော်ပြချက်အရ လေ့လာတွေ့ရှိချက်များမှာ EV နဲ့ HEV များဖြင့် ခြေကျင် လမ်းသွားလမ်းလာများကို တိုက်မိခဲ့မှုဟာ သာမန် ICE ကားများထက် ၂ဆ ပိုများခဲ့ပြီး မြို့ပြ အရပ်ဒေသမှာ ထိခိုက်မှုဟာ နယ်အရပ်တွေထက် ၃ဆ ပိုများတယ်လို့ဆိုပါတယ်။ 2013 မှ 2017 အတွင်း လူသေဆုံးမှုများ…

Read More

ညဖက်ကားမောင်းတဲ့အခါ အသုံးဝင်မယ့်နည်းလမ်းများ

ကန့်သန့်ချက်တွေရှိတဲ့မြင်ကွင်းနဲ့ အလင်းရောင်တွေကြောင့် ညဖက်ကားမောင်းခြင်းဟာ ခက်ခဲပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် မတော်တဆထိခိုက်တာတွေမဖြစ်ရအောင်လို့ ယာဉ်မောင်းအနေဖြင့် ပိုသတိထားပြီး အာရုံပိုစိုက်သင့်ပါတယ်။ ဒါကြောင့် ညဖက်ကားမောင်းတဲ့အခါ ဘေးကင်းပြီး လွယ်ကူစေမယ့် နည်းလမ်းများကို မျှဝေလိုက်ပါတယ်။ ရှေ့မီး (Headlamps) သင့်ကားရဲ့ ရှေ့မီးတွေဟာ အဓိကအသုံးပြုရမယ့်အရာဖြစ်ပြီး လမ်းခရီးကိုမြင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကားမမောင်းခင်မှာ သင့်ရဲ့ ရှေ့မီးတွေဟာ ပုံမှန်အလုပ် လုပ်မလုပ်နှင့် သန့်ရှင်းနေလားကို သေချာစစ်ဆေးသင့်ပါတယ်။ တစ်ခုသတိထားရမှာ သင့်ကားရဲ့ ရှေ့မီးတွေသာ ညစ်ပက်နေမယ်ဆိုရင် အလင်းထုတ်လုပ်မှုကို ကာထားသလိုဖြစ်နေပြီး ထိရောက်မှုအားနည်းနေတတ်ပါတယ်။ နောက်ထပ် သင့်ရဲ့ အချက်ပြမီးနဲ့ အနောက်မီးတွေဟာ သန့်ရှင်းတောက်ပနေဖို့လိုအပ်ပါတယ်။ ဒီအလင်းစနစ်နှစ်ခုလုံးဟာ သင့်ကိုလမ်းပေါ်မှာမြင်စေနိုင်မှာဖြစ်ပြီး အခြားလမ်းအသုံးပြုသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကန့်သန့်အရှိန်ဖြင့်မောင်းနှင်ပါ သင့်ရဲ့ ရှေ့မီးတွေဟာ နေရာတစ်ခုအထိသာ မြင်နိုင်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက် ကန့်သန့်ထားတဲ့ အရှိနဲ့မောင်းနှင်ခြင်းဟာ…

Read More