Nissan Motor မှ လျှပ်စစ်ကားများထုတ်လုပ်ရာမှာ Tesla မှ ဖန်တီးထားသော gigacasting နည်းပညာမျိုးကို အသုံးပြုပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ တန် ၆၀၀၀ ဖိအားနဲ့ EV ကားရဲ့ အနောက်ကြမ်းခင်းအပိုင်းကိူ တစ်ဆက်တည်း solid form ပုံစံဖြစ်အောင် ဖိနှိပ်သွန်းလောင်းမှာဖြစ်ကာ အဆိုပါနည်းပညာအားဖြင့် ထုတ်လုပ်မှုအပိုင်းမှာ 10% လောက် လျှော့ချနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဆိုပါနည်းပညာဖြင့် လာမယ့် 2027 လောက်မှာ စတင်ကာ ထုတ်လုပ်မှာဖြစ်ပြီး 2030 ရောက်မှာ Nissan ရဲ့ EV ကားနဲ့ ICE ကားတို့အကြားက စျေးနှုန်းကွာခြားမှုကို လျှော့ချမယ့် မဟာဗျူဟာတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့လျှပ်စစ်ကား စျေးကွက်မှာ Tesla နဲ့ BYD တို့ကို ယှဥ်ပြိုင်နိုင်ဖို့အတွက်ကိုလည်းရည်ရွယ်တယ်လို့ သိရပါတယ်။ ဒါတင်မကပဲ Nissan ဟာ အနာဂတ်မှာ solid-state battery ကိုလည်း ထုတ်လုပ်နိုင်ဖို့အတွက်ဆောင်ရွက်နေပြီး ကနဦးအနေနဲ့ ကားအစီးရေ ၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ လိုအပ်မယ့် ပမာဏကို ထုတ်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။
” Nissan ဆီမှာ ကားရဲ့ structure ပိုင်းတွေကို ပုံလောင်းတဲ့ အတွေ့အကြုံတော်တော်လေးရှိပါတယ်။ ကျနော်တို့မှာ အရှေ့လေအေးပေးစက် structural အစိတ်အပိုင်းကို Tochigi စက်ရုံမှာ ပုံလောင်းထုတ်လုပ်ခဲ့တဲ့ အတွေ့အကြုံ ၁၀နှစ်ကျော်လောက်ရှိပါတယ်ဗျ” လို့ Nissan ရဲ့ Manufacturing နဲ့ Supply Chain Management ပိုင်းဆိုင်ရာမှာ Executive Vice President ရာထူးဖြင့်တာဝန်ထမ်းဆောင်နေတဲ့ Hideyuki Sakamoto မှ Yokohama မှာရှိတဲ့ Nissan solid-state battery များကို ထုတ်လုပ်မယ့် စက်ရုံသို့ ရောက်ရှိနေတုန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ
Nissan အနေနဲ့ မကြာသေးခင်ကာလတုန်းက ၃နှစ်အတွင်းမှာ ကားအစီးရေ ၁သန်း ပိုမိုရောင်းချနိုင်ဖို့ ရည်မှန်းချက်ထားကြောင်း ကြေညာခဲ့ပြီး EV ကား ၁၆မျိုး အပါအဝင် ကားအမျိုးအစားအသစ် ၃၀ လောက် ကိုစျေးကွက်မှာ မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါကြောင်း။
Nissan မှ Tesla ကဲ့သို့ Giga Casting နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်မှုကုန်ကျစရိတ် 10% လောက်လျှော့ချနိုင်ရန်စီစဥ်
