Headlines

ကလေးတွေနဲ့ ကားမောင်းထွက်တဲ့အခါ

လေးကင်းတဲ့လမ်းခရီးဖြစ်ဖို့ဆိုတာ ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်တဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ လမ်းတွေကို စည်းကမ်းမဲ့အသုံးပြုရင် ထိခိုက်ဒဏ်ရာရတတ်သလို ပိုဆိုးတဲ့ သေဆုံးခြင်းတွေလဲ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ဂျာမဏီအခြေဆိုက် ကုပ္မဏီတစ်ခုဖြစ်တဲ့ FINN မှာ တာဝန်ရှိသူက ကားမောင်းနေစဉ်မှာ အသုံးချနိုင်မယ့် Safety Tips ၃ခုကို မျှဝေခဲ့ပါတယ်။ ဒီအချက်တွေဟာ သင့်ကိုသာမက သင်ချစ်ရတဲ့ ကလေးငယ်တွေကိုပါ ဘေးကင်းလုံခြုံစေမှာဖြစ်ပါတယ်။ ပထမဆုံး Safety Tip ကတော့ Child Lock နဲ့ အခြား Safety Feature တွေကို ဖွင့်ထားခြင်းဖြစ်ပါတယ်။ ဒီလိုဖွင့်ထားခြင်းအားဖြင့် သင့်ရဲ့ကလေးတွေဟာ ကားမောင်းနှင်စဉ် အန္တရာယ်အရမ်းများတဲ့ အပြုအမူဖြစ်တဲ့ ကားတံခါးကို မိမိဘာသာ ဖွင့်တာမျိုး မလုပ်နိုင်တော့ပါဘူး။ ကားတွေအားလုံးမှာ Child Lock တပ်ဆင်ဖို့လိုအပ်ပြီး အကယ်၍ သင့်ကားမှာ…

Read More