ညဖက်ကားမောင်းတဲ့အခါ အသုံးဝင်မယ့်နည်းလမ်းများ
ကန့်သန့်ချက်တွေရှိတဲ့မြင်ကွင်းနဲ့ အလင်းရောင်တွေကြောင့် ညဖက်ကားမောင်းခြင်းဟာ ခက်ခဲပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် မတော်တဆထိခိုက်တာတွေမဖြစ်ရအောင်လို့ ယာဉ်မောင်းအနေဖြင့် ပိုသတိထားပြီး အာရုံပိုစိုက်သင့်ပါတယ်။ ဒါကြောင့် ညဖက်ကားမောင်းတဲ့အခါ ဘေးကင်းပြီး လွယ်ကူစေမယ့် နည်းလမ်းများကို မျှဝေလိုက်ပါတယ်။ ရှေ့မီး (Headlamps) သင့်ကားရဲ့ ရှေ့မီးတွေဟာ အဓိကအသုံးပြုရမယ့်အရာဖြစ်ပြီး လမ်းခရီးကိုမြင်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကားမမောင်းခင်မှာ သင့်ရဲ့ ရှေ့မီးတွေဟာ ပုံမှန်အလုပ် လုပ်မလုပ်နှင့် သန့်ရှင်းနေလားကို သေချာစစ်ဆေးသင့်ပါတယ်။ တစ်ခုသတိထားရမှာ သင့်ကားရဲ့ ရှေ့မီးတွေသာ ညစ်ပက်နေမယ်ဆိုရင် အလင်းထုတ်လုပ်မှုကို ကာထားသလိုဖြစ်နေပြီး ထိရောက်မှုအားနည်းနေတတ်ပါတယ်။ နောက်ထပ် သင့်ရဲ့ အချက်ပြမီးနဲ့ အနောက်မီးတွေဟာ သန့်ရှင်းတောက်ပနေဖို့လိုအပ်ပါတယ်။ ဒီအလင်းစနစ်နှစ်ခုလုံးဟာ သင့်ကိုလမ်းပေါ်မှာမြင်စေနိုင်မှာဖြစ်ပြီး အခြားလမ်းအသုံးပြုသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကန့်သန့်အရှိန်ဖြင့်မောင်းနှင်ပါ သင့်ရဲ့ ရှေ့မီးတွေဟာ နေရာတစ်ခုအထိသာ မြင်နိုင်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက် ကန့်သန့်ထားတဲ့ အရှိနဲ့မောင်းနှင်ခြင်းဟာ…