Nissan မှ Tesla ကဲ့သို့ Giga Casting နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်မှုကုန်ကျစရိတ် 10% လောက်လျှော့ချနိုင်ရန်စီစဥ်
Nissan Motor မှ လျှပ်စစ်ကားများထုတ်လုပ်ရာမှာ Tesla မှ ဖန်တီးထားသော gigacasting နည်းပညာမျိုးကို အသုံးပြုပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ တန် ၆၀၀၀ ဖိအားနဲ့ EV ကားရဲ့ အနောက်ကြမ်းခင်းအပိုင်းကိူ တစ်ဆက်တည်း solid form ပုံစံဖြစ်အောင် ဖိနှိပ်သွန်းလောင်းမှာဖြစ်ကာ အဆိုပါနည်းပညာအားဖြင့် ထုတ်လုပ်မှုအပိုင်းမှာ 10% လောက် လျှော့ချနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဆိုပါနည်းပညာဖြင့် လာမယ့် 2027 လောက်မှာ စတင်ကာ ထုတ်လုပ်မှာဖြစ်ပြီး 2030 ရောက်မှာ Nissan ရဲ့ EV ကားနဲ့ ICE ကားတို့အကြားက စျေးနှုန်းကွာခြားမှုကို လျှော့ချမယ့် မဟာဗျူဟာတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့လျှပ်စစ်ကား စျေးကွက်မှာ Tesla နဲ့ BYD တို့ကို ယှဥ်ပြိုင်နိုင်ဖို့အတွက်ကိုလည်းရည်ရွယ်တယ်လို့…