မီးလောင်မှုဖြစ်ပွားသော EV ကားများကို မီးသတ်ပေးမယ့် 6×6 Toyota Hilux မီးသတ်ကား
လျှပ်စစ်ကားများ မီးလောက်မှုဖြစ်ပွားပြီဆိုပါက အဆိုပါကားများမှာ တပ်ဆင်အသုံးပြုထားတဲ့ battery များမှာ ပါဝင်တဲ့ ဓါတုပစ္စည်းများကြောင့် မီးငြိမ်းသတ်တဲ့ အခါမှာ သာမန် ICE ကားများလို မရိုးရှင်းလှပါဘူး။ ဒါကြောင့်မို့ နိုင်ငံတကာမှာ လျှပ်စစ်ကားများကို အသုံးပြုမှု စတင် တွင်ကျယ်လာသည်နှင့် အမျှ နောက်ဆက်တွဲ ဖြစ်ရပ်များကို ရင်ဆိုင်ဖြေရှင်းဖို့ကိုလည်း တီထွင်ဖန်တီးလာကြရပြီဖြစ်ပါတယ်။ UK အခြေဆိုက် Hiload ကုမ္ပဏီကတော့ လျှပ်စစ်ကားများ မီးလောင်မှုဖြစ်ပွားလျှင် မီးငြိမ်းသတ်ပေးနိုင်မယ့် မီးသတ်ကားတစ်စီးကို တီထွင်လိုက်ပြီး အဆိုပါကားဟာ Toyota Hilux ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ မီးလောက်နေတဲ့ EV ကားများကို မီးငြိမ်းသတ်ပေးနိုင်မယ့် ယာဥ်တစ်စီးအဖြစ် ဖန်တီးထားတာကြောင့် လိုအပ်သော စက်ကိရိယာများနဲ့ ပစ္စည်းများကိုတင်ဆောင်နိုင်ဖို့အတွက် ကားရဲ့ chassis ကို 6×6 configuration…